Tuesday 10 May 2011

မိခင်ကြီးအိမ်မက်မက်ပုံ

တညသ၌ ဒေါ်အောင်ကျော်သူသည် ထူးထူးခြားခြား အိမ်မက်ထဲ၌ ယောင်ရမ်းပြီး “ အမယ်လေး ကြယ်ကြီးက လှလိုက်တာ” ဟု အားရ၀မ်းသာပြောလေရာ ဒေါ်အောင်ကျော်သူ၏ယောင်္ကျား-ဦးမြက ပုတ်၍ နှိုးမှပင် နိုးလာလေတော့သည်။

ဒေါ်အောင်ကျော်သူက မောင်ရယ် ကျုပ်အိမ်မက်ဆန်းဆန်းကြယ်ကြယ်မက်ပြီး ယေင်မိပါတယ်။

ဒီအိမ်မက်လဲ ကြီးကျယ်လိုက်တာ ကျွန်မအိမ်နောက်ဖက်က ကြမ်းပြင်မှာ လသာချိန် ဗိုင်းငင်နေတုန်း (ရခိုင်ပြည်တွင် သီတင်းကျွတ်ပွဲတော်အခါဝတ်ဖို့ တော်သလင်းလတကြိမ်၊ သင်္ကြန်ပွဲတော်အခါဝတ်ဖို့ တပေါင်းလတကြိမ် ချည်ယက်ကန်းယက် ပွဲလမ်းသဘင်ထုံးစံရှိသည်။)

ကောင်းကင်က ကြီးလည်းကြီးတဲ့ ကြယ်ကြီးဟာတဖြည်းဖြည်းနဲ့ အောက်ကိုကြွေကျလာတော့ လူတွေကလဲအများကြီးဝိုင်းအုံကြည့်နေကြတယ်။

အုတ်အော်သောင်းနင်းလဲ ဖြစ်နေတယ်။

ကြယ်ကြီးဟာ ကျမရှေ့တည့်တည့်ကျလာတော့ ကျွန်မကကောက်ပြီး ကြယ်ကြီးက လှလိုက်တာလို့ ယေင်းပြီးတော့ နုတ်ကထွက်သွားတာ” ဟု ပြောပြလေသည်။ ထိုအခါ တဖက်အခန်း၌အိပ်နေသော ဒေါ်အောင်ကျောင်သူ၏ အမေဖြစ်သူက ကြားသဖြင့် “ဒီအိပ်မက်ဟာနယ်နယ်ရရ အိပမက် မဟုတ်ဘူးဟဲ့၊ ငါ့သမီးမှာ အလွန်မှ မြင့်မြတ်ဖြူစင်တဲ့ အကျင့်သီလရှိသူ သားယောင်္ကျားကလေး ပဋိသန္ဓေနေတာဖြစ်လိမ့်မယ်။

ဖြူဖြူဖွေးဖွေး လှပတဲ့ကြယ်ကြီးဆိုတော့ သူတော်သူမြတ် ရဟန်းဘ၀မှာပျော်မွေ့မဲ့ သားမြတ်ရတနာသာဖြစ်ရမယ့်” ဟု နိမိတ်ဖတ်ပြီးပြောလိုက်လေသည်။

ဆယ်လအလွန်တွင် သားဦးရတနာ ပေါ်ထွန်းအောင်ကို မွေးဖွားသဖြင့် မိခင်ဖြစ်သူက သူ့သားမှာ သူတော်သူမြတ်ရဟန်းဘ၀တွင် ပျော်မွေ့မည့်သူ ဖြစ်မည်ဟု တထစ်ချ ယုံကြည်စွဲလမ်းထားသည်ဖြစ်ရာ အင်္ဂလိပ်ပညာကို သင်မပေးလိုသော စိဓါတ်စွဲကပ်လျက်သာရှိလေသည်။